ဝေါ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ စာငှားဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်းတစ်လှိုင်း ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းနှင့် ပြည်သူ့စာကြည့်တိုက်၌ နေ့စဉ်စာငှားနေသည့် ပြည်သူများအား ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ နောက်ထပ်လှိုင်းတစ်လှိုင်းအဖြစ် ကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် မျိုးရိုးဗီဇပြောင်းလဲနေသော ကိုဗစ်-၁၉ရောဂါပိုးများ ဝင်ရောက်၍ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို သိရှိလိုက်နာနိုင်ရန် အသိပညာပေးခြင်းများအပြင် နှာခေါင်းစည်း(Mask)များ ဝေငှတပ်ဆင် ဖြန့်ဝေပေးခြင်းများ ပြုလုပ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)