စစ်ကိုင်းမြို့ ပိုးတန်းအားကစားကွင်း အထူးတန်းပွဲကြည့်စင် အာရ်စီ(၂)ထပ်တည်ဆောက်မှု ၇၅ ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်း  ဩဂုတ် ၇

စစ်ကိုင်းမြို့ ပိုးတန်းအားကစားကွင်း အထူးတန်းပွဲကြည့်စင် အာရ်စီ()ထပ်တည် ဆောက်နေမှုမှာ ယနေ့ နံနက်ပိုင်းတွင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ အထူးတန်းပွဲကြည့်စင်တည်ဆောက်မှုမှာစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ခွင့်ပြုငွေ ၁၂၅ ဒဿမ ၉ သန်းဖြင့် KH Khaing Co., Ltd. က ၂၀၂၀ပြည့်နှစ် မတ်လ(၁၁)ရက်နေ့ မှစတင်တည်ဆောက် လုပ်ကိုင်နေခြင်းဖြစ်ကာ (အလျား ၁၀၇အနံ၂၄)ပေ အာရ်စီ(2)ထပ်၊ သွပ်မိုးဖြစ်ပြီး အဝတ်လဲခန်း(၂)ခန်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးရန်(၁)ခန်း၊ ဒိုင်လူကြီးများနားနေရန် (၁)ခန်းတို့ ပါဝင် ကြောင်း လုပ်ငန်းပြီးဆုံးရက်မှာ ၂၀၂၀ပြည့်နှစ် ဩဂုတ်(၃၀)ရက်နေ့ဖြစ်ကြောင်းကို စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇံက ပြောပြသည်။

အထူးတန်းပွဲကြည့်စဉ် တည်ဆောက်မှုပြီးစီးပါက စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များအပါအဝင် အဆိုပါအားကစားကွင်း၌ ကျင်းပပေးမည့် အားကစားပြိုင်ပွဲများ၊ နေ့ထူးနေ့မြတ်များ၌ ကျင်းပပေးလေ့ရှိသည့် အားကစားပြိုင်ပွဲများတွင်  လာရောက်ပြိုင်ပွဲဝင်သည့် အားကစား သမားများ နှင့် ကြည့်ရှုအားပေးသည့် ပြည်သူများ ပျော်ရွှင်စိတ်ချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး နိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

 

မျိုးဝင်း(ပြန်/ဆက်)