ပေါင်းတည်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ Mobile စာငှားစနစ်ဖြင့် ဝန်ဆောင်မှုပေး

 

 

ပေါင်းတည် မေ ၁၈

ပဲခူးတိုင်းဒေသကြီး ၊ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ် ဝါသနာပါသူများအား စာပေနှင့်စဉ်ဆက်မပြတ် ထိတွေ့စေရေး အတွက် Mobile စာဌားစနစ်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာများသို့ Mobile Library ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။

ထို့သို့  ကွင်းဆင်းဆောင်ရွက်ပေးခြင်းမှာ မြို့နယ်ရုံးစာကြည့်တိုက်သို့ လာရောက်၍ စာငှား စာဖတ် မပြုလုပ် နိုင်သော ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗဟု သုတ ဖြစ်ဖွယ် သုတ/ရသ စာပေများ ကို ယူဆောင်ငှားရမ်းပေးခြင်းအပြင် စာဖတ်သူများဖတ်ရှုလိုရာ စာအုပ်များကို အပတ်စဉ် သွားရောက် ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်နှင်းသုန် (ပြန်/ဆက်)