ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ထန်းတပင် (ပဲခူး) မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိ ဇာတိ၌ အမြဲတန်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိ‌ဒေသတွင် အမြဲတန်း နေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ပြောင်းရွှေ့ နေထိုင်သူများအတွက် မူလဒေသအတွင်း အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသ တွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ပြောင်းရွေ့နေထိုင်သူများအတွက် မူလဒေသ တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းနည်းလမ်းများဖြင့် အသက် (၁၆) နှစ်မှ (၁၈)နှစ်အထိနှင့် (၁၈)နှစ် အထက်ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွား မည်ဖြစ် သည်။

ထန်းတပင်မြို့နယ်တွင် မြေပြင်ရှိ အသက် (၁၈)နှစ် ပြည့်လူဦးရေ(၈၁၇၈၇) ဦးခန့်ရှိသည့် အနက် နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ရန် ကျန်ရှိသည့် (၃၇၈၀) ဦးအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်ဝင်းထံမှ သိရ သည်။  

မြို့နယ် (ပြန်/ဆက်)