ရွှေတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်

 

ရွှေတောင် မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင် မြို့နယ်ရုံးတွင် ပြည်သူများ စာပေ ဗဟုသုတ တိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ စာကြည့် တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်း များနှင့် အညီ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက် :၃၀ နာရီမှ ညနေ၄း၃၀ နာရီအထိ ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိသည်။

အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် သုတစာအုပ်(၅၇၁၂)အုပ်၊ ဝတ္ထုစာအုပ် (၉၈၀)အုပ်၊ မဂ္ဂဇင်း (၁၄၅၉)အုပ်၊ ဂျာနယ် (၉၅၄)စောင်၊  ရုပ်ပြစာအုပ် (၂၈၆)အုပ် စုစုပေါင်း(၉၃၉၂) အုပ်နှင့် နေ့စဥ်ထုတ် မြန်မာ့အလင်း သတင်းစာ၊ ကြေးမုံ သတင်းစာ၊ လစဉ်ထုတ် မဂ္ဂဇင်းများအား မည်သူမဆိုအခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရ သည်။

ရွှေတောင်(ပြန်/ဆက်)