လက်ပံတန်း ဩဂုတ် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ချောင်းဆုံ-တော်ကလပ် လမ်းဂဝံခင်းခြင်း၊ ဓနင်းကြီး- ပျဉ်းမပင်လှ လမ်းဂဝံခင်းခြင်းနှင့် အင်းသမိချောင်းကူး တံတားလုပ်ငန်း၊ ဇီးဖြူကုန်း မီးသတ်အဆောက်အဦ ပြီးစီးမှုများကို ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးခင်းမောင်ရင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့ကြောင်းသိရသည်။
ကြည့်ရှုစစ်ဆေးရာတွင် လွှတ်တော်ဥက္ကဌနှင့်အတူ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်စန်းနွဲ့ကြည်နှင့် ကုမ္မဏီများမှ တာဝန်ရှိသူများ လိုက်ပါ၍ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြပြီး လွှတ်တော် ဥက္ကဌက လိုအပ်သည်များကို လမ်းညွန် မှာကြားခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး