သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်အား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်

သဲကုန်း မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံက် ၉ နာရီခွဲအချိန်တွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိတ်သတ်များက စာရေးဆရာ အောင်သင်း ရေးသားသော ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ပါအကြောင်းအရာများကို အချင်းချင်း အမြင်ခြင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်း (သဲကုန်းပြန်/ဆက်)