ယင်းမာပင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ရုံးဖွင့်ပွဲအခမ်းအနားကျင်းပ

ယင်းမာပင်     ဩဂုတ်       ၇

သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ခရိုင်ရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့ ၉ နာရီခွဲ က ယင်းမာပင်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်က အဖွင့်အမှာစကား ပြောကြားပြီး  စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ရုံးဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ရုံးအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဦးလာလ်ထောင်းထန်၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများတက်ရောက်ကြကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)