ထန်းတပင် မေ ၂၄
၂၀၂၁-၂၀၂၂ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကို မေလ(၂၃) ရက် နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အ.ထ.က -ထန်းတပင် အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဆရာ၊ ဆရာမများတက် ရောက်ခဲ့ကြပြီး အခမ်း အနားတွင် အခြေခံပညာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပညာရေးမှူး ဒေါက်တာသင်းမာလာက ကျောင်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ဇေယျာလင်းက ကျောင်းနေ အရွယ်ကလေးများ၊ ကျောင်းတက်ရမည့် ကလေးများ ကျောင်းသို့ ရောက်ရှိရေး အားလုံးဝိုင်းဝန်း ကြိုး စားဆောင်ရွက်ကြရန်တို့ကို ရှင်းလင်း အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကျောင်းနေအရွယ် ကလေး၊ လူငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရ ရှိစေရန်၊ ကျောင်း အပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်၊ ကျောင်းနေနှုန်း မြင့်မားလာစေရန် နှင့် အခမဲ့ပညာရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ(၂၄) ရက်နေ့မှမေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိ ကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)