ကသာ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစိုင်းသန်းနိုင်နှင့်ဝန်ထမ်းများသည် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကြေညာကပ်ထားခြင်းကို ပြည်သူအများ ကျယ်ပြန့်စွာသိရှိနိုင်ရန် ရည်ရွယ်၍ မဲဆန္ဒရှင်စာရင်း ကြေညာ ကပ်ထားခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ ဈေးများအတွင်း၌ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကသာမြို့ရှိ သီရိခေမာဈေးနှင့် မြို့မဈေးကြီး အတွင်းရှိ ပြည်သူများအား မဲဆန္ဒရှင်စာရင်း ကြေညာ ကပ်ထားခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးပိုစတာများကို ဈေးအတွင်း ကပ်ထားကြေညာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ကသာမြို့နယ်စည် ပင်သာယာရေး ကော်မတီမှ တာဝန်ရှိများက လည်း ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကသာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများအား မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲအောင် (ပြန်/ဆက်)