ဘီးလင်း သြဂုတ် ၇
ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Covid - 19 ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးအတွက် တိရိစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ဆင်အင်း ကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Covid - 19 ကာလအတွင်း ကျေးရွာများ၌ မွေးမြူထားရှိသည့် တိရိစ္ဆာန်များအား ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် မိမိတို့ တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် တိရိစ္ဆာန်များကို အချိန်တိုအတွင်း ကုသ ဆောင်ရွက်မှုပေးနိုင်ခြင်း၊ တိရစ္ဆာန်ရောဂါများအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်သည့်အတွက် စီးပွားရေးထိခိုက်မှုများ လျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက သင်တန်းဆင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ထူးနောင် (ပြန်ဆက်)