ဖြူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေငြာမှုများအားစစ်ဆေး

ဖြူး ဩဂုတ်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှကပ်ထားလျက်ရှိရာ ယနေ့ နံနက် ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖြူးမြို့အတွင်း တွင် မဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေကျော်် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးထွန်းလင်းနှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များတို့ကရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုများ၊ ရပ်ကွက်နေပြည်သူများ လာရောက် ကြည့်ရှု နေ မှု အခြေအနေ၊ မဲစာရင်းအချက်အလက်များ မှန်/မမှန်စစ်ဆေးခြင်းနှင့် သတ်မှတ်ပုံစံများ ပြင်ဆင် ဆောင်ရွက် နေမှုများ အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မနွယ် (ဖြူး)