ရွှေဘို ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာသို့ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေများ လွှဲပြောင်း ပေးအပ် ပွဲကို ယနေ့နံနက်(၁၀)နာရီက ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က ကော်မတီများအနေဖြင့် မိမိတို့ကျေးရွာရှိ အများ ပြည်သူများကို ပွင့်လင်းမြင့်သာစွာချပြကာ ပရဟိတစိတ်ဖြင့် အကျိုးရှိအောင် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ကျေရွာမတည်ရန်ပုံငွေကျပ်သိန်း (၂၀၀) ကို ညောင်ရင်း ကုန်းကျေးရွာ၊ ကျပ်သိန်း(၃၀၀)ကို တံခွန်တိုင်၊ ညောင်ကန်၊ မြင်းကသာ၊ ဆင်မြေနှင့် သပြေကန် ကျေးရွာတို့မှ ကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) သည် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်နှင့် လုပ်ကွက်ငယ် တောင်သူများစိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းများတွင် လိုအပ်သော ငွေကြေး အရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အိမ်ခြေ (၁၀၁)နှင့် အထက်ရှိ ကျေးရွာများအား တစ်ရွာလျင်ကျပ်သိန်း (၃၀၀) ဖြင့် ကျေးရွာ(၅)ရွာ ၊အိမ်ခြေ(၅၁)နှင့်(၁၀၀)ကြားကျေးရွာ(၁)ရွာအား ကျပ်သိန်း(၂၀၀) မြို့နယ်အတွင်း စုစုပေါင်း(၆)ရွာအား ကျေးရွာအိမ်ခြေအလိုက် မတည်ရန်ပုံငွေများ ပေးအပ်ခဲ့တာဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်း အိအိဖြူ ထံမှသိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)