ထီးလင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ တတိယအကြိမ် လေလံတင် ရောင်းချ

ထီးလင်း ဩဂုတ် ၇

ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်(၁၂)ခု လေလံ ရောင်းချပွဲကို  ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အဆိုပါ လေလံရောင်းချပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်က အခွင့်အရေးလုပ်ငန်း လိုင်စင်များ လေလံရောင်းချခြင်းနှင့် စပ်လျဉ်၍ရှင်းလင်း ပြောကြားသည်။

ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဝင်ငွေလျော့နည်းမှုမရှိစေရေးနှင့် အခွင့်အရေးလိုင်စင်များအားလုံးကို လေလံအောင်မြင်စွာ ရောင်းချ နိုင်ရေးအတွက် လေလံရောင်းချမည့် အခွင့်အရေး လုပ်ငန်း လိုင်စင်(၁၂)ခုကို ကြေညာထားရာ တတိယအကြိမ် လေလံရောင်းချပွဲတွင် မြို့မအပေါင်ဆိုင် လိုင်စင်လုပ်ငန်းကို လေလံကြမ်းခင်းဈေး ၆၆၀၀၀၀/-ဖြင့် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်နေ ဒေါ်ဆွေဆွေဝင်းက ရရှိကြောင်း သိရှိရသည်။

အေလေးငယ်(ပြန်/ဆက်)