ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် အင်းမြသာယာ ဘောလုံးကွင်းဘေး ရေမြောင်းအား ကျောက်စီရေမြောင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

အင်းတော် ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်၊ အင်းမြသာယာ ဘောလုံးကွင်းဘေး ရေမြောင်းအား ကျောက်စီရေမြောင်း အဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို အင်းတော်မြို့ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်စီရေမြောင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြို့နယ် စည်ပင်ပင်သာယာရေးကော်မတီ၏ သာမန် အသုံးစရိတ် ရန်ပုံငွေမှ ကုန်ကျခံ ဆောင်ရွက်လျက်ရှိပြီး မြောင်းအလျား ၂၂၀ ပေ၊ အနံ ၃ ပေ၊ အနက် ၃ ပေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်ကျငွေကျပ် ၄ ဒဿမ ၅၁ သန်း ခန့်မှန်းကုန်ကျမည်ဖြစ်ကြောင်း၊ အဆိုပါရေမြောင်းမှာ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်၊ အင်းမြသာယာဘော့လုံးကွင်း အပြင်ဘက်ဘေးတွင် ရှိကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းများအား သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ခံအင်ဂျင်နီယာ ဦးမင်းမင်းစိုးက ပြောပြခဲ့သည်။

ကျော်သီဟ