ရွှေတောင် သြဂုတ် ၇
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ယနေ့ နံနက်၁၀နာရီက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိ့နှိုင်း အစည်းအဝေး (ဒုတိယအကြိမ်) ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌက အဖွင့်အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဥ်များအောင်မြင်မှုရရှိစေရန်အတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မဲစာရင်းတွင် မှတ်ပုံတင်များမှန်ကန်ပြည့်စုံနိုင်ရေး မဲရုံမှူး ဒုမဲရုံမှူးများနှင့်အခြားမဲရုံ ဝန်ထမ်းများ လျာထားသတ်မှတ်နိုင်ရေး၊ ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိသည့် မဲရုံများဖွဲ့စည်း တည်ဆောက်နိုင်ရေး မဲစာရင်းများနှင့် မှတ်ပုံတင်များ နောက်ဆုံးအကြိမ်ထုတ်ပြန်မှုမပြုခင် တိကျမှန်ကန်နိုင်ရေး အတွက် ရပ်/ကျေးများနှင့် ပူးပေါင်းလိုအပ်ပါကြောင်းနှင့် လိုအပ်ချက်များကိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက လိုအပ်သည်များကို ထပ်ဆင့်ပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသော ကော်မရှင်အဖွဲ့ခွဲဝင်များက သိရှိလိုသည်များကိုပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌမှနိဂုန်းချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံများတွင် မဲစာရင်းကပ်ထားမှုအခြေအနေများကို လိုက်လံစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)