ကျွန်းလှ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကာက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို ပထမအကြိမ် ဇူလိုင်(၂၅)ရက်မှဩဂုတ်(၇)ရက် နေ့အထိ(၁၄)ရက်ကြာ ကပ်ထားကြေညာထားကြောင်း သိရှိရသည်။
မဲဆန္ဒရှင်ပြည်သူများ လိုအပ်သည့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန်ပိုမိုရရှိစေရန် မဲဆန္ဒရှင်စာရင်းများအား ဩဂုတ် (၈)ရက်မှ (၁၄)ရက်နေ့အထိ(၇)ရက်ထပ်မံတိုးမြှင့် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျွန်းလှမြို့နယ်တွင် ပထမအကြိမ် ကပ်ထားသည့် မဲဆန္ဒရှင်(၇၅၉၇၉)ဦးရှိပြီး မဲရုံပေါင်း(၉၁)ရုံ စီစဉ် ထားကြောင်း၊ ဩဂုတ်(၆)ရက်နေ့ အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ(၁၄၉၄၅)ဦးရှိကြောင်း၊ ပုံစံ (၃)ဖြင့် လျှောက် ထားသူ(၃၇၃)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၂၀၃)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ(၁၈၉)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
မျိုးဝင်းညို(ကျွန်းလှ)