ဒဂုံ(အရှေ့) သြဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်(၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းကို ယနေ့ နံနက်(၈)နာရီက အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပုံမှန်ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ကလေးသူငယ်များနှင့် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန် လူဦးရေ(၅၀)နှုန်းဖြင့် အလှည့်ကျဆေးထိုး ဆေးတိုက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထိုသို့ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးရာတွင် မွေးကင်းစမှစ၍ အသက်(၁)နှစ်ခွဲအထိ ကလေးသူငယ်များ အား အသက်အရွယ် အလိုက် ဘီစီဂျီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်) ကာကွယ်ဆေး များကို ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ လူမှုရေး အဖွဲ့အစည်းများမှ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
လှလှထွေး(ပြန်/ဆက်)