ရန်ကုန် ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလတွင် ရေကြီး ရေလျှံမှုများ မဖြစ်စေရန်အတွက် ရေစီးရေလာ ကောင်း မွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ခရိုင်ရေစီးရေလာဌာနမှ AE ဦးသန်းထွန်းနှင့်အတူ တောင်သူကုန်းရပ်ကွက်၊ စောလေ့ ကျင့်ကုန်းလမ်း (သာယာအေး(၂) လမ်းနှင့်အဏ္ဏဝါ(၁)လမ်းကြား)တွင် အုတ်ရေမြောင်း အသစ်ပြုလုပ်ရန်အတွက် မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊သိပ္ပံလမ်းမကြီး နှင့် နိဗ္ဗာန်လမ်းမကြီးတို့ ဆုံသည့် နေရာ တွင် ကိုယ်ထူကိုယ်ထလမ်းဖြတ်အုတ်ရေမြောင်း (Box Culvert)ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)