ရန်ကုန် ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မြို့သစ်ဈေး ရုံးခန်းတည်ဆောက် နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်း နှင့်တာဝန်ရှိသူများသည် ဈေးများဌာန၏အင်ဂျင်နီယာ ဒေါ်အေးအေးပြုံး တာဝန်ယူတည်ဆောက် နေသော မြို့သစ်(က+ခ)ရပ်ကွက်ရှိ မြို့သစ်ဈေး ဈေးတာဝန်ခံ ရုံးခန်း တည်ဆောက်နေသော လုပ်ငန်း ခွင်သို့ သွားရောက်၍ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)