ဝက်လက်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဥ်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စံပြကွက်များ စိုက်ပျိုး

ဝက်လက် သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဥ် ဖြင့် ၂၀၂၀ မိုးစပါးမျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝက်လက်မြို့နယ် သခွတ္တောကျေရွာအုပ်စု အောင်ချမ်း သာကျေးရွာရှိ တောင်သူ ဦးမောင်မြင့်နှင့် ဦးမြင့်သိန်းဌေးတို့၏ ကွင်းအမှတ် -၃၄၃၅ မျိုးစေ့ထုတ်စိုက်ကွက် ၁၀ ဧကတွင် ယနေ့ နံနက်ပိုင်းက ပေါ်ဆန်းရင် စီးပွားဖြစ် မျိုးသန့် မျိုးစေ့ထုတ် စိုက်ခင်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အကူအညီဖြင့် စိုက်ပျိုးခဲ့သည်။ ဆက်လက်ပြီး အောင်ချမ်းသာကျေးရွာတွင် တောင်သူ ၅ ဦး၏ လယ်မြေ ၂၅ ဧက တွင်လည်း စိုက်ပျိုးရန် လျာထားလျှက်ရှိကြောင်းသိရသည်။

မျိုးစေ့ထုတ်စံပြကွက် ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာ များပို့ချသည့်အတွက် တောင်သူများအနေဖြင့် မိမိဒေသနှင့် ကိုက်ညီသည့် စနစ်ကိုရွေးချယ် စိုက်ပျိုးနိုင်ပြီး အကျိုးကျေးဇူးများရရှိကြောင်းနှင့် နောင်လာမည့်နှစ်တွင်လည်း မျိုးစေ့ထုတ်စံပြကွက်များဖြင့် စိုက်ပျိုးသွားမည်ဖြစ် ကြောင်း တောင်သူဦးမောင်မြင့်၏ ပြောကြားချက်အရ သိရှိရသည်။

အိမွန်ထွန်း(ဝက်လက်)