ထန်းတပင် (ပဲခူး) ဩဂုတ် ၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အထက်တန်းအဆင့် အခြေခံပညာကျောင်းများ စာသင်ချိန် အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဌာနဆိုင်ရာ တာဝန်ရှိသူ များက ယနေ့ နံနက်ပိုင်းက အဖွဲ့(၃)ဖွဲ့ခွဲ၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကုသရေး ဦးစီးဌာနမှ ဒေါတ်တာခင်သူသူအောင် မြို့နယ်ပညာရေးမှူး ရုံးမှ တာဝန်ရှိသူ များက ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းများအတွင်း သတ်မှတ်အကွာအဝေးဖြင့် စနစ်တကျ နေရာပြင်ဆင်ထားရှိမှု ကျောင်းသား ကျောင်းသူများအတွက် နှာခေါင်းစည်းများ Face Shield များ ကိုယ်အပူချိန် တိုင်း ကရိယာများနှင့် လက်ဆေး ဘေစင် များထားရှိမှု စာသင်ချိန်များစီစဉ်ထားရှိမှုနှင့် ကျောင်းတက် ကျောင်းဆင်းချိန်အတွက် ပြင်ဆင်ထားရှိမှု စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးရေး အဖွဲ့များသည် ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း များနှင့် ကိုယ်ပိုင် ကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းထွန်း (ပြန်/ဆက်)