လဟယ် သြဂုတ်လ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ယခင်ကသွယ်တန်းထားသော ဓါတ်အားကြိုးလဲလှယ်ခြင်းနှင့် လမ်းမီး ကြိုး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့တွင်းရပ်ကွက်များတွင်မြို့နယ်လျှပ်စစ်ဌာမှ ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။
အဆိုပါ ဓါတ်အားကြိုးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ၃ တွင် ၄ ကြိုးမှ ၃ တွင် ၅ ကြိုး ဓါတ်အားကြိုးအဖြစ် အဆင့်မြှင့်တင်မှု ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ခန့်မှန်းကျပ်(၇၀)သန်းဖြင့် Northern Power ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လဟယ်မြို့တွင်း အား ဓါတ်အားကြိုး အဆင့်မြင့်တင်ခြင်း လုပ်ငန်း ၁ ဒသမ ၂၃၇ မိုင်နှင့် လိုင်းကြိုး အသစ်လိုင်းဆွဲခြင်းလုပ်ငန်း ၁ ဒသမ ၀၉ မိုင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအနေဖြင့် (၉၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးကြောင်း မြို့နယ် လျှပ်စစ်မှူး ဦးဇော်ဝင်းထွန်းထံမှ သိရပါသည်။
ပါမင်းလှိုင်(ပြန်/ဆက်)