စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးကော်မတီ၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ကွန်ကရစ်လမ်းခင်းခြင်း ၉၅ ရာခိုင်နှုန်း ပြီးစီး

ဖောင်းပြင် ဩဂုတ် ၇ 

စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉- ၂၀၂၀ခု ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ ကျပ်(၄၂)သိန်းကျော်ဖြင့် ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဆရာစံလမ်း၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်း  ပြီးစီးနေပြီဖြစ် ကြောင်းသိရသည်။ 

အဆိုပါလမ်းမှာ အရှည်(၂၀၀) ပေ၊ အကျယ်(၁၂) ပေ၊ အမြင့်(၆) လက်မရှိပြီး ယခုအခါ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ဩဂုတ်လ ၉ ရက်နေ့တွင် အပြီးဆောင်ရွက်သွားရန် လျာထားကြောင်း ဖောင်းပြင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)