မင်းလှမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၁၅၀၀ စုအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

မင်းလှ(အောက်) ဩဂုတ် 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၁၅၀၀ စုအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ပေါင်း(၄၃၀၀) ကို တတိယအကြိမ်အဖြစ် ဩဂုတ် ပထမပတ်က မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနရုံး၌ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှုးများထံ လွှဲပြောင်းပေး အပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပုံမှန်ဝင်ငွေမရှိသော ခြေခံ လူတန်းစား အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ဖြန့်ဝေထောက်ပံ့ ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် ထောက်ပံ့မှုများပေးလျက်ရှိရာ မင်းလှမြို့နယ်အ တွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားများအတွက် ပထမအကြိမ်တွင် ရိက္ခာ မျိုးကိုလည်းကောင်း၊ ဒုတိယအကြိမ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပထမ အကြိမ်တွင် ထောက်ပံရန်ကျန်ရှိခဲ့သည့် အိမ်ထောင်စုများကို အိမ်ထောင်စု စုလျှင်ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် လည်းကောင်းထောက်ပံ့ပေး အပ်နိုင်ခဲ့ပြီး၊ ယခုတတိယအကြိမ်အ ဖြစ် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အိမ်ထောင်စု စုလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့်  ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

ပေါက်စ မင်းလှ