ပင်လည်ဘူး သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ပြည်ပပြန်(၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲ အတည်ပြုနိုင်ရေးအတွက် နှာခေါင်း၊ အာခေါင် တို့ဖတ်ဓာတ်ခွဲနမူနာများရယူမှုကို ယနေ့ နံနက်က မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာကျော်နိုင် ဦးဆောင်သော တာဝန်ရှိသူများ ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်ပပြန် (၃) ဦးတို့မှာ မြို့မ(၂)ရပ်ကွက်မှ တရုတ်ပြည်ပြန် (၁) ဦး၊ ပင်းကြိုင်း ကျေးရွာမှ ထိုင်းပြန် (၁) ဦးနှင့် ဝမ်းဘဲအင်းကျေးရွာမှ ထိုင်းပြန် (၁) ဦးတို့ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲ အတည်ပြုနိုင်ရေးအတွက် နှာခေါင်း၊ အာခေါင်တို့ဖတ်များကို ရယူခဲ့ကြ ကာ ၎င်းနှာခေါင်း၊ အာခေါင်တို့ဖတ်တို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာနအဆင့်ဆင့်သို့ ပို့ဆောင်စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)