ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌(CERP)အစီအစဉ်အရ လေးထောင့်ကန်ကျေးရွာတွင် ဝက်မွေးမြူ ထုတ်လုပ်ရေး သင်တန်း ဖွင့်လှစ်

ဒဂုံ(အရှေ့)     သြဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းများဖြစ်သည့် ဝက်မွေးမြူထုတ်လုပ်ရေးသင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က လေးထောင့်ကန်ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဝက်မွေးမြူ ထုတ်လုပ်ရေးသင်တန်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သိန်းသိန်းအေးနှင့် ဒုတိယဦးစီးမှူး ဒေါက်တာခိုင်မင်းသူတို့က တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု အကြောင်း အရာများအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက ဝက်မွေးမြူထုတ်လုပ်ရေး သင်တန်း ကိုဆက်လက်ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့သည်။

ဝက်မွေးမြူထုတ်လုပ်ရေး သင်တန်းတွင် ဝက်မျိုးများ၊ ဝက်မွေးမြူမည့်ခြံနေရာ ရွေးချယ်ခြင်း၊ ဝက်ခြံဆောက်လုပ်ခြင်း၊ မျိုးစပ်ခြင်းနှင့် မျိုးပွားခြင်းဆိုင်ရာ အချက်အလက်များ၊ ဝက်များ သားဖွားခြင်း၊ ဝက်ကလေးပြုစု စောင့်ရှောက်ခြင်း၊ အစာရေစာ ကျွေးခြင်း၊ ဝက်များတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကာကွယ်ဆေး ထိုးခြင်းများကို သင်ကြား ပို့ချပေးခြင်း၊  ရောဂါများနှင့် ကာကွယ်ကုသနည်း စသည့်သင်ခန်းစာများကို ဖွင့်လှစ် သင်ကြား ပို့ချခဲ့ကြောင်းနှင့်  သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတက်ရောက် လျက် ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းအား သြဂုတ်(၆) ရက်မှ (၈)ရက်နေ့အထိ သင်ကြား ပို့ချသွား မည်ဖြစ်ကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)