လှည်းကူး သြဂုတ် ၇
ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ(၉၀)ဦးအား Quarantine(၂၁)ရက် အနီးကပ်စောင့်ကြည့်မှု ခံယူရန် သြဂုတ်(၆)ရက် ည(၁၁)နာရီခွဲအချိန်ခန့်က ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဓမ္မမာမက သာသနာ့ရိပ်သာကျောင်းတိုက်သို့ ပို့ဆောင်ထားရှိ ကြောင်း သိရသည်။
ထိုသို့ပို့ဆောင်ထားရှိရာတွင် ဂျပန်နိုင်ငံမှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသူ အမျိုးသား(၅၉)ဦး၊ အမျိုးသမီး(၃၁)ဦး၊ စုစုပေါင်း (၉၀)ဦး တို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယာဉ်(၅)စီးဖြင့် အဆိုပါ ကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာရန်နိုင်ဆွေနှင့် ကျန်းမာရေး ဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး Quarantine(၂၁)ရက် အနီးကပ် စောင့်ကြည့်မှု ခံယူနိုင်ရန် ဆောင်ရွက်ထား ရှိကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)