မြောက်ဥက္ကလာပမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများဆောင်ရွက်

မြောက်ဥက္ကလာပ  ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ ကျန်းမာရေး  ဦးစီးဌာနမှ အသက် (၂)နှစ်အောက် ကလေးငယ် များအား ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၈) နာရီက စတင်၍ (ဋ)ရပ်ကွက်၊ (ဇ)ရပ်ကွက်တို့တွင် ပုံမှန်ကာကွယ်ဆေးများ၊ ထိုးနှံ/တိုက်ကျွေး ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေး​ ခြင်းကို ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင ်မိခင်များ အား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန် လူဦးရေ(၅၀) နှုန်းဖြင့် အလှည့်ကျ ဆေးထိုး/ဆေးတိုက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးရာတွင် မွေးကင်းစမှစ၍ အသက်တစ်နှစ်ခွဲအထိ ကလေး သူငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေးများကို   ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုရေးအဖွဲ့အစည်းများမှ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)