တိုက်ကြီး ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယမန်နေ့ ညနေပိုင်းအချိန်က သစ်ပင်များ လမ်းမီးတိုင်များအပေါ်သို့ လဲပြိုကာ လူသွားလမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မှ သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ဗောဓိကုန်းရပ်ကွက်၊ ဗောဓိကုန်း(၁)လမ်း၊ ဆေးရုံနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း လမ်းကြားတွင် သစ်ပင်များ လမ်းမီးတိုင်များအပေါ် သို့ လဲပြိုကာ လူသွားလမ်းများ ပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦး ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ က ရပ်ကွက်သူ ရပ်ကွက် သားများဖြင့် ပူးပေါင်းကာ သွာရောက်ခုတ်ထွင်ရှင်းလင်းဖယ်ရှား ပေးခဲ့ကြောင်း သိရပါသည်။
စန်းကလျာခိုင်(ပြန်/ဆက်)