အင်းစိန်မြို့နယ်၌ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားပြီး မဲရုံပေါင်း(၁၈၈)ရုံနှင့် မဲဆန္ဒရှင် (၂၂၂၉၉၂)ဦးရှိ

ရန်ကုန်          ဩဂုတ်         ၇

ရန်ကုန်တိုင်ဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ  ကျင်းပနိုင်ရေးနှင့် နိုင်ငံသူ၊နိုင်ငံသားတိုင်း မဲပေးခွင့် မဆုံးရှုံး စေရေးအတွက် ဇူလိုင်လ(၂၅)ရက်နေ့မှ စတင်၍ ဩဂုတ်လ(၇)ရက်နေ့အထိ (၁၄)ရက်ကြာ ကြေညာ ထားရာမှ ယခုထပ်မံ၍ ဩဂုတ်(၈)ရက်နေ့မှ ဩဂုတ်လ(၁၄)ရက်နေ့အထိ (၇)ရက်ကြာ ထပ်မံတိုးမြှင့် ကြေညာ ထားမည်ဖြစ်ပြီး အင်းစိန်မြို့နယ် အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် အမည်စာရင်းများကို ထုတ်ပြန်ကြေညာ ထားလျက်ရှိရာ ဒေသခံပြည်သူ များ မဲစာရင်းများကို  လာရောက်ကြည့်ရှုလျက်ရှိသည်။

အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်၌ ပထမအကြိမ် ပြုစုထားသော မဲစာရင်း အရ မဲဆန္ဒရှင် အမျိုးသားနှင့် အမျိုးသမီးဦးရေ စုစုပေါင်း(၂၂၂၉၉၂)ဦးရှိပြီး မဲပေးနိုင်ရေးအတွက် မဲရုံပေါင်း(၁၈၈)ရုံ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်အမည်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ပထမအကြိမ်ကပ်ထားကြေညာထားခြင်းကို မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးကျော်လင်းနှင့်အဖွဲ့ဝင်များက ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ် အတွင်းရှိ ရပ်ကွက် များသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာကြောင်း အသိပေးနှိုးဆော်ထားမှု ရှိ/မရှိ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မဲဆန္ဒရှင် အမည်စာရင်းများတွင် မိမိအမည် မပါရှိခြင်း၊အချက်အလက်များ ကွဲလွဲမှု ရှိခြင်း၊ပြင်ဆင် ကန့်ကွက်လိုခြင်း တို့အတွက် ပုံစံ(၃)၊(၄)နှင့် (၄-ဂ)စသည့် သတ်မှတ်ပုံစံများ ပြည်စုံစွာ ဖြည့်စွက်၍ တင်ပြထားမှု အခြေအနေများကိုလိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။

အင်းစိန်မြို့နယ်၌ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများက ပေးပို့လာသော စာရင်း များအရ ဩဂုတ်လ(၆)ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူပေါင်း(၂၂၂၇၄)ဦးခန့်၊ ရာခိုင်နှုန်း အားဖြင့် (၁၀)ရာခိုင်နှုန်း ဖြစ်ပြီး မိမိအမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် ဖြည့်စွက်လျှောက်ထား သူ(၄၀၀၀)ဦးခန့်၊၊ မပါဝင် သင့်သူများ ပါဝင် နေခြင်းအား ကန့်ကွက်သည့်ပုံစံ(၄)ဖြင့် ဖြည့်စွက် တင်ပြလာသူ(၇၀၀)ဦးခန့် ၊အမှားပြင်ဆင် ရန် ပုံစံ(၄-ဂ)ဖြင့် ဖြည့်စွက်တင်ပြလာသူများ တင်ပြလျက် ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်တွင် ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်၌ မဲရုံပေါင်း(၁၈၈)ရုံ ဆောင်ရွက်လျာထား ထားရှိပြီး မဲဆန္ဒရှင် အမည်စာရင်း (၂၂၂၉၉၂)ဦးကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ဇူလိုင်လ(၂၅) ရက်နေ့မှ  ဩဂုတ် လ(၇)ရက်နေ့အထိ (၁၄)ရက် ကြာကြေညာထားရာမှ ယခုထပ်မံ၍ ဩဂုတ်(၈)ရက်နေ့မှ ဩဂုတ်လ(၁၄)ရက်နေ့အထိ (၇)ရက်ကြာ ထပ်မံတိုးမြှင့် ကြေညာ ထားမည် ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)