ကလေး ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းစာချုပ်ချုပ်ဆိုခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်နှင့် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဒေါ်ဥမ္မာရှိန်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ထို့နောက် မြို့နယ်ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီတို့က ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ဥမ္မာရှိန်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးငူလ်ဆွင်းခိုင်၊ မြို့နယ်သမဝါယမ ဦးစီးမှူးဦးဇော်ထွန်းအောင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဦးဇော်မင်းဦးတို့က ကျပ်သိန်း (၁၆၀၀) အား လွှဲပြောင်းပေးအပ်ရာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ (၆) ရွာမှ ကျေးရွာမတည် ရန်ပုံငွေကော်မတီဝင်များက လက်ခံရယူခဲ့ကြကြောင်းသိရသသည်။
ထန်းဖုန်(ပြန်/ဆက်)