ခရမ်းမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ခရမ်း ဩဂုတ်  ၇

ရန်ကုန်တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းက  ကလေးသူငယ်များသည် နိုင်ငံတော်၏ အဓိကကျသည့် လူစွမ်းအား အရင်းအမြစ်များ၊ ရတနာများ ပင်ဖြစ်ပါကြောင်းသို့ဖြစ်သောကြောင့် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ကလေးသူငယ်များအတွက် ၎င်းတို့ဌာနမှ ဆောင်ရွက်ပေးနေမှုများကိုအကျယ်တဝင့်‌ဆွေးနွေးပြီး ဒုဦးစီးမှူးဒေါ်စိုးစိုးထိုက်ကကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အသိပညာပေးလုပ်ငန်းများ၊ ကလေး သူငယ်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။  ယင်းနောက် အစည်းအဝေး တက်လာသည့် ကော်မတီဝင်များမှ အသီးသီး ပြန်လည်ဆွေးနွေးခဲ့သည်။

ခရမ်းမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါလမှ ဇူလိုင်လအထိအသက် ၁၈ နှစ်အောက် ကလေးသူငယ်ပြစ်မှုများ ဖြစ်သည့်  သက်ငယ်မုဒိန်းမှု(၁)မှု၊ လူသက်မှု(၁)မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကိုမင်း( ခရမ်း )