ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

ပေါက် ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး ကျင်းပသော လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပေါက်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ကလေး စာဖတ်ခန်းရှေ့၌ ယနေ့ နေ့လယ် ၁ နာရီက ကျင်းပသည်။

အဆိုပါနံရံကပ်စာစောင်တွင် ပြည်သူများ သိသင့်သိထိုက်သော လူကုန်ကူးမှုမြောက်စေသည့် အချက် အလက် အကြောင်းအရာများ ၊ အသိပေး တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ နေရာဌာနများဖုန်းနံပါတ်များနှင့် လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို မှတ်တမ်းဓာတ်ပုံများ၊ ကာတွန်းသရုပ်ဖော်ပုံများ၊ ဆောင်ပုဒ်များ ၊ အခြားမှတ်တမ်းမှတ်ရာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်ထားရာ ပြည်သူများစိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး အဆိုပါနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ပေါက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဩဂုတ်လ ၇ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရက်သတ္တပတ် တစ်ပတ်တိတိ ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဥမ္မာကျော်(ပြန်/ဆက်)