ကျိုက် မရော သြ ဂုတ် ၇
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း တောင်သူလယ်သမားများအား မိုးရာသီသီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရန်နှင့် စီးပွားရေးအဆင်ပြေစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ Special Relief Loan အထူး ချေးငွေများကို ယနေ့ နံနက် ၁၀နာရီ တွင် ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အထူးချေးငွေများထုတ်ချေးရာတွင် ထုတ်ချေးပေးရန်ကျန်ရှိနေသည့် ကဒါကျေးရွာအုပ်စုမှ တောင်သူ (၉၁) ဦး၊ စပါးစိုက်ဧက ( ၅၂၁) ဧကအတွက် တစ်ဧကလျှင် ငါးသောင်းနှုန်းဖြင့်ချေးငွေ ကျပ်သိန်း (၂၆၀,၅၀၀၀၀) ကျပ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ Special Relief Loan အထူးချေးငွေများကို ဇူလိုင် ပထမ အပတ်မှစ၍ထုတ်ချေးပေးခဲ့ရာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၇ ရက်နေ့ အထိ ကျေးရွာပေါင်း ၂၉ ရွာ၊ တောင်သူ၁၀၇၈ဦးလယ်ဧကပေါင်း ၆၈၄၂ဧကအတွက် ငွေကျပ် (၃၄၂၁,၀၀,၀၀ဝိ/−) ကျပ်ကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်သီတာထွန်းထံမှ သိရသည်။
ချိုချို (ပြန်/ဆက်)