လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ လာ​ရောက်ကြည့်ရှုသူ (၃၂၀၅၀) ဦးရှိပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ကန့်ကွက်ခြင်းလုပ်ငန်းများအားဆောင်ရွက်ပေး

လှိုင်းဘွဲ ဩဂုတ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ဇူလိုင်လ(၂၅) ရက်နေ့မှ စတင်ကာ မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေးသည့် အချိန်မှစ၍ ယနေ့အထိမဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ စုစုပေါင်း(၃၂၀၅၀) ဦးရှိပြီး မိမိအမည်ပါဝင်ခြင်းမရှိပါက တောင်းဆိုလွှာ ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၃၆၃) ဦး၊ မဲစာရင်းပါအမည်နှင့် အခြားအချက် အလက်များ အား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့် လာရောက်လျှောက်ထားသူ(၁၄၁)ဦး၊ ပြင်ဆင်ရန် ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ (၁၃၆၁ )ဦး တို့အား ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 

ခင်စန်း​မြင့် (ပြန်/ဆက်)