ပင်လည်ဘူး ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းမြင့်အောင်နှင့် ဝန်ထမ်းအဖွဲ့သည် တစ်ပိုင်တစ်နိုင်ဝက်များ မွေးမြူထားသည့် ဝက်မွေးမြူရေးခြံများသို့ ကွင်းဆင်းပြီး ကာကွယ်ဆေး ထိုးကုသခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ပညာပေးဟောပြောဆောင်ရွက်ခြင်းတို့ကို ယမန်နေ့က ပြစ်ဆိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ဝက်များမွေးမြူထားသော ဝက်မွေးမြူရေး ခြံများအား ပိုးသတ်ဆေးများ ဖျန်းခြင်း၊ ကျန်းမာရေးမကောင်းသည့် ဝက်များအား ကာကွယ်ဆေးထိုးကုသပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး၊ ဝက်များမွေးမြူ ထားသူများ အား ကောင်းမွန်သောဝက်မွေးမြူရေးစနစ်အကြောင်း၊ ဝက်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ အကြောင်း၊ ဝက်များတွင် ကူးစက် ရောဂါလက္ခဏာတွေ့ရှိခဲ့ပါက ကာကွယ်ဆေးများကို အချိန်မှီထိုးနှံ ဆောင်ရွက်နိုင်ရေးနှင့်စနစ်တစ်ကျ ဆောင်ရွက်ထားရှိရေး၊ ဝက်များကို စနစ်တကျမွေးမြူထားရှိရေး တို့နှင့်ပတ်သက်၍ တစ်ပိုင်တစ် ဝက်များမွေးမြူထားသူများအား အသိပညာပေးလုပ်ငန်းဆိုင်ရာများ ဆွေးနွေး ဟောပြောဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါက်တာဝင်းမြင့်အောင်ထံမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)