ရန်ကုန် ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း ဦးဆောင်၍ ရပ်ကွက်နေပြည်သူလူထု၏ တင်ပြချက်များအရ ပြည်သူများ အတွက် အမှန်တကယ်လိုအပ်ပြီး သွားလာရေး အဆင်ပြေ စေရန်အတွက် ယမန်နေ့ နံနက်(၉)နာရီအချိန် က လှိုင်မြို့နယ် ဗဟိုလမ်းရှိ ဘူတာရုံလမ်းမှတ်တိုင်အား နေရာပြောင်းရွှေ့ဆောင်ရွက်ခဲ့သည်။
၎င်းမှတ်တိုင်သည် မီးပွိုင့်နှင့်အလွန်နီးကပ်နေပြီး ယာဉ်များရပ်ရန် ခရီးသည်များ တက်ဆင်းရန် မလွတ်ကင်းသည့်အတွက် ခရီးသည်များအတွက် အဆင်ပြေစေမည့် မြတ်လေးရုံလမ်းထိပ်အနီးသို့ မှတ်တိုင် အသစ်တစ်ခုအား မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဖေစိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ် EC များ၊ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ယာဉ်ထိန်းရဲတို့နှင့်အတူ နေရာ ပြောင်းရွေ့ သတ်မှတ်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)