ကမာရွတ်မြို့နယ်တွင် “သင့်အမည်ပါဝင်ပါသလား” ရွေးကောက်ပွဲအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ

ကမာရွတ် သြဂုတ် ၁၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်များ၏ မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ကပ်ထားကြေညာပေးလျက်ရှိသည်။

ဆက်လက်၍ မဲဆန္ဒရှင်စာရင်းများပိုမိုပြည့်စုံ မှန်ကန်စေရေးအတွက် (၇)ရက် ထပ်မံတိုးမြှင့်ကြေညာ ထားမည် ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ မိမိအမည်မဲစာရင်းတွင် ပါရှိမှသာ ဆန္ဒမဲပေးခွင့် ရရှိမည်ဖြစ်ရာ ယမန်နေ့ မွန်းလွဲပိုင်း က  အမှတ်(၃)ရပ်ကွက်၊ လှည်းတန်းလမ်းဆုံတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီ အသင်းနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ မဲဆန္ဒရှင်များ အား အသိပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားရာ ကားဂိတ်၊ ဈေး၊ YBS ယာဉ်လိုင်းများ၊ လမ်းသွား လမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ပြီး ၊မဲဆန္ဒ ရှင်စာရင်း သွားရောက်ကြည့်ရှု စစ်ဆေးပေး နိုင်ရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိမ်းလဲ့(ပြန်/ဆက်)