ရန်ကင်း သြဂုတ် ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင် ခွင့်မဆုံးရှုံးစေရေးအတွက် ကိုင်ဆောင် လက်မှတ်မရှိသူများအား ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၁၁) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ လုပ်ငန်းများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းနှင့် ဝန်ထမ်းများ က ရန်ကင်းမြို့နယ် အမှတ်(၁၁) ရပ်ကွက်အတွင်း အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသည့် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား သတ်မှတ်ချက်နှင့် ပြည့်စုံပါက ဆောင်ရွက် ပေးနိုင်ရန်အတွက် သေချာစွာစိစစ်၍ ဆောင်ရွက်ပေးခဲ့ ကြ သည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင်လည်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့် စနစ်တကျ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဝေဝေ (ပြန်/ဆက်)