မောင်တော ဇွန် ၁၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝေးလံခေါင်ဖျားသော သစ်တုံးနားကျေးရွာ အုပ်စုရှိ ကျေးရွာများမှ (မြို)တိုင်းရင်းသားများအား ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါ ရုံးတွင်ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မောင် တောမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင်၍ ဝန်ထမ်းများက ဝေးလံခေါင် ဖျားသော သစ်တုံးနားကျေးရွာအုပ်စုရှိ ကျေးရွာများ၌ နေထိုင်သော (မြို)တိုင်းရင်းသားများ အသက်(၁၀)နှစ်ပြည့် ကျား(၇) ဦး၊ မ (၈)ဦး ၊ အသက် (၁၈) နှစ် ပြည့် ကျား(၉)ဦး၊ မ(၂၅)ဦး၊ စုစုပေါင်း (၄၉) ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဇွန် ၁၁ ရက်နေ့ ညနေပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက (မြို) တိုင်းရင်းသားများထံသို့ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြပြီး နှာခေါင်းစည်း(Mask)နှင့် လက်သန့် ဆေးရည်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)