မောင်တော ဇွန် ၁၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် COVID-19 ထိန်းချုပ်၊ ကာကွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်အပြတ် ဆက်လက်ဆောင်ရွက်ရန်၊ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး ကြပ်မတ်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ စနစ်တကျ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ခြင်းနှင့် စပ်လျဉ်း၍ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယခုလက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရှေ့ဆက် လုပ်ဆောင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြကြပြီး လိုအပ်သည်များကို ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူးမှ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)