ရန်ကင်းမြို့နယ်၌ ၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင်(၁၀)ဦး အပါအဝင် ၄၄၂ ဦး ဖြေဆိုအောင်မြင်

ရန်ကင်း  သြဂုတ် ၁၀

၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကင်းမြို့နယ်မှ ၆ ဘာသာဂုဏ်ထူးရှင်  ၁၀ ဦး အပါအဝင် ၄၄၂ ဦးဖြေဆို အောင်မြင် ကြကြောင်း သိရသည်။

ရန်ကင်းတစ်မြို့နယ်လုံး ၆ ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် (၈)ဦး၊ ၄ ဘာသာ ဂုဏ်ထူး ရှင် (၁၉)ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် (၂၅)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၃၃)ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် (၈၃) ဦး အပါအဝင် အောင်မြင်သူပေါင်း ၄၄၂ ဦး ရှိကာ ရာခိုင်နှုန်းအားဖြင့် ၄၂.၂၂% အောင်မြင်ကြောင်း မြို့နယ် ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတို့တွင် ကျောင်းသူ၊ ကျောင်းသား ပေါင်း (၁၀၄၇) ဦးတို့ ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)