လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား ခရိုင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး

လှိုင်းဘွဲ ဩဂုတ် ၁၀

 ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲစာရင်းများ ကပ်ထားကြေညာထားရှိမှုအခြေအနေများကို ယမန်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက လှိုင်းဘွဲမြို့နယ်အတွင်းရှိ အင်းနို့သိပ္ပံကျေးရွာ၊ ရွှေဂွန်းကျေးရွာ၊ ကြို့ချောင်းကျေးရွာ၊ ကျုံပကိုကျေးရွာ၊ တခင်းလုံကျေးရွာ၊ တဝန်ဖန်ရကျေးရွာ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏စာရင်းများကို ကပ်ထားကြေညာထားရှိမှုအခြေအနေ၊ မဲဆန္ဒရှင်စာရင်းများ သတ်မှတ်ထားသည့်ပုံစံအတိုင်း စနစ်တကျရေးသွင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် လာရောက်လျှောက်ထားမှုအခြေအနေ၊ ဖြည့်စွက်ဆောင်ရွက်ရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)