စမ်းချောင်း ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်း ပိုစတာပန်းခြံအတွင်း ပြည်သူများကျန်းမာရေး လေ့ကျင့်ခန်းများပြုလုပ် နိုင်ရန် အတွက် Outdoor Fitness Equipment အားကစားပစ္စည်းများကို ယနေ့နံနက်ပိုင်းက စတင်တပ်ဆင်ခဲ့သည်။
(Outdoor Fitness Equipment) အားကစားပစ္စည်းများကို ပြည်သူများကျန်းမာရေးအတွက်အသုံးပြုရန် ရည်ရွယ်၍ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်၏ဦးဆောင်မှုဖြင့် ပန်းခြံအတွင်း တပ်ဆင်ပေးခဲ့ပြီး အားကစား ပစ္စည်း (Outdoor Fitness Equipment)များကိုမြို့နယ်စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌဦးပုညက လက်ခံရယူခဲ့သည်။
အဆိုပါ မြေနီကုန်းပိုစတာပန်းခြံသည် ဖွင့်ချိန်ပိတ်ချိန် သတ်မှတ်ထားခြင်းမရှိသည့် Open Space ဖြစ်၍ ပြည်သူများ အဆင်ပြေ စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထူးထက်(ပြန်/ဆက်)