နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၂၂ ဒသမ ၄၅ ရာခိုင်နှုန်းရှိ

နန်းယွန်း  သြဂုတ် ၁၀

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင် စာရင်းကိုယမန်နေ့နံနက်ပိုင်းက နိုင်ငံတစ်ဝန်း အွန်လိုင်း စနစ်ဖြင့်ထုတ်ပြန်ကြေညာခဲ့ရာ နန်းယွန်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု ၂၂ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။
နန်းယွန်းမြို့စာစစ်ဌာနတွင် ၂၀၂၀ပြည့်နှစ်၊ မတ်လက ကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းတွင်း ဖြေဆိုသူ (၁၆၉)ဦး၊အပြင်ဖြေဆိုသူ(၁၂၅)ဦး၊ စုစုပေါင်း (၂၉၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာကျောင်းတွင်း ဖြေဆို အောင်မြင်သူ (၂၄)ဦး၊ အပြင်ဖြေဆိုအောင်မြင်သူ(၄၂)ဦး၊ စုစုပေါင်း(၆၆)ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး အောင်ချက် ၂၂ ဒသမ ၄၅ ရာခိုင်နှုန်း ဖြေဆို အောင်မြင်ခဲ့ကြောင်းသိရသည်။
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သူများတွင် နှစ်ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၁) ဦး ၊ စုစုပေါင်းဂုဏ်ထူး ဖြင့်ဖြေဆို အောင်မြင်သူ(၁၂)ဦးရှိကြောင်းသိရသည်။

ဟန်ကမ်း(ပြန်/ဆက်)