ရန်ကုန်တောင်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲ  ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်လောင်းများ စိစစ်ရေး ဆွေးနွေး

ရန်ကုန်       ဩဂုတ်     ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းကိုယ်စား လှယ်လောင်းများစိစစ်ရေး  ညှိနှိုင်းဆွေးနွေးပွဲကို   ယနေ့နံနက်(၁၀)နာရီ  တွင် သန်လျင်မြို့ရှိ ခရိုင်ကော်မရှင် အဖွဲ့ခွဲရုံး   အစည်းအဝေးခန်းမ၌ကျင်းပသည်၊၊ 

ရှေးဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က္ကဋ္ဌ ဦးသိန်းလှိုင်က သတ်မှတ်ရက်  များအတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်းစစ်ဆေးရန်ကော်မရှင်အဖွဲ့ဝင်များ အနေဖြင့်ကြိုးပမ်း   ဆောင်ရွက်ပေးကြရန် ဆွေးနွေး မှာကြားသည်၊၊  ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးစိုးမင်းက  ကိုယ်စားလှယ်လောင်း အမည်စာရင်းစစ်ဆေးရန် အဖွဲ့()ဖွဲ့ ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိ တာဝန်ကျ အဖွဲ့များအနေဖြင့် ကိုယ်စားလှယ်များ စိစစ်ပေးရန် ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စေရန်   ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ပေးကြရန်ဆွေးနွေးမှာကြားသည်။

ထို့နောက်တက်ရောက်လာကြသော ကော်မရှင်အဖွဲ့ဝင်များက ကိုယ်စားလှယ်လောင်းစစ်ဆေးရာတွင်      ဆောင်ရွက်ရမည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အကြံပြုဆွေးနွေး တင်ပြကြသည်၊၊      ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်း ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ တွင် အမည်စာရင်းတင်သွင်းထား  သောပါတီ(၁၉)ဖွဲ့မှ ကိုယ်စားလှယ်လောင်း (၁၉၀)ဦးအား ဩဂုတ် (၁၁ရက်မှ(၁၇) ရက်နေ့အထိ နေ့စဉ်နေ့လည် (၁၂) နာရီမှစ၍ ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် စီစစ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်၊၊

သန်းဝင်း(သန်လျင်)