ပေါက်ခေါင်းမြို့နယ်၌ရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းပြုလုပ်ပေး

ပေါက်ခေါင်း   ဩဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်း အသက် ၁၈ နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသော ဒေသခံပြည်သူများ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုက‌‌ရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ယမန်နေ့က  ပေါက်ခေါင်း မြို့နယ် ညောင်ဝန်းကျေးရွာအုပ်စုသို့ သွားရောက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ(၁၉၉)ဦးအား ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ် ရေးကတ်ပြား မရရှိသေးသူများအား ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေး အတွက် မြို့နယ် လ.ဝ.က ဦးစီးဌာနမှ ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆက်လက်ပြုလုပ်ပေးမည်ဖြစ်‌ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနရုံးမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)