ကမာရွတ် သြဂုတ် ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ကမာရွတ်မြို့နယ် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပ ရေး အတွက် နေ့တာဝန်၊ညတာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် မိသားစုများအား စားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲ(၁၂)နာရီချိန်က စေတနာရှင် မိသားစုမှ လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် သန့်ရှင်းရေးဝန်ထမ်းများနှင့် မိသားစုများအား စေတနာရှင်မိသားစုမှ တစ်ဦးလျှင် (၁၀၀၀၀)ကျပ်၊ ဆန်(၂) ပြည်၊ ရေသန့်ဗူး(၁)ဗူး၊ ငါးသေတ္တာ (၁)ဗူး၊ ဆေးဗူး(၁)ဗူး၊ အချိုရည် (၁)ဗူး၊ဝန်ထမ်း(၆၀)ဦးခန့်အား လှူဒါန်းသွားကြောင်း သိရ သည်။ လာရောက်လှူဒါန်းမှု ကို တာဝန်ရှိသူမှ လည်းကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။
စိမ်းလဲ့(ပြန်/ဆက်)