သာကေတ ဩဂုတ် ၁၀
၂၀၂၀ ပြည့်နှစ် မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ နိုင်ငံ တစ်နိုင်ငံလုံး တွင် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များမှတဆင့် ဩဂုတ်လ(၉)ရက် မနက်(၀၀:၃၀)အချိန်တွင် ထုတ်ပြန် ကြေညာခဲ့ရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် တွင် အောင်ချက် (၃၁.၃၅%)ရှိကြောင်းသိရသည်။
သာကေတမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာစစ်ဌာန(၆)ခုရှိပြီး စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း (၄၃၅၇)ဦး ရှိကာ အောင်မြင်သူဦးရေ(၁၃၆၆)ဦး၊ (၆)ဘာသာ ဂုဏ်ထူးရှင်(၂)ဦး၊ (၅) ဘာသာ ဂုဏ်ထူးရှင်(၄)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၉)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၂၇)ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင်(၅၄)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၉၉) ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် (၂၉၅)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကိုဘုန်း(ပြန်/ဆက်)